Android ဖုန်းမှာ ဇော်ဂျီဖောင့် ထည့်ခြင်း နည်းလမ်း ( ၁ )

စာဖတ်သူတို့က ရှေ့မှာ Android ကို ဘယ်လို Root လုပ်တယ်ဆိုတာ သိပြီးပြီဆိုတော့... အခု Root လုပ်ထားတဲ့ Android ဖုန်းမှာ ဇော်ဂျီ မြန်မာစာဖောင့် ဘယ်လိုထည့်သွင်းမလဲဆိုတာကို ဖော်ပြပေးပါ့မယ်။


Android မှာ ဇော်ဂျီဖောင့်ထည့်တော့ ဘာတွေလုပ်လို့ရလဲ...?

ဖုန်းမှာ ဇော်ဂျီဖောင့်နှင့် ဇော်ဂျီ လက်ကွက် ထည့်သွင်းထားမယ်ဆိုရင် Myanmar Website တွေကို ဖတ်လို့ရမယ်။ ရေးလို့ရမယ်။ ဒါအပြင့် ဖုန်း Contacts တွေ၊ SMS တွေမှာပါ မြန်မာလိုရိုက်ပြီး သုံးနိုင်ပြီလေ... တခြားလုပ်လို့ရတာတွေလည်း ရှိပါသေးတယ်...။

ကဲ... သူရဲ့ အကျိုးကျေးဇူးကို သိပြီဆိုတော့။ ဇော်ဂျီဖောင့်ကို ဘယ်လိုထည့်ရမယ်ဆိုတာကို ပြောပါ့မယ်။
စာရေးသူအနေဖြင့် ဖောင့်ထည့်သွင်းပုံနည်းလမ်း နှစ်မျိုးပဲ သိပါတယ်။ တခြားနည်းလမ်းတွေလည်း ရှိနိုင်ပါတယ်။

အခု ပထမ နည်းလမ်းက FontChangerLite Application ကိုသုံးပြီး ဖောင့်ကို ထည့်သွင်းမှာပါ။


၁။ FontChangerLite_v1.7.10.apk <OR> FontChangerLite_v1.8.3.apk လိုပါတယ်။

Download Link:
FontChangerLite_v1.7.10.apk

FontChangerLite_v1.8.3.apk


၂။ FontChangerLite​.apk ကို ဖုန်း၏ SDCard ထဲသို့ ကူးထည့်ပေးပါ။ ထို့နောက် မိမိ Android ဖုန်း၏ Menu တွင် ( File Manager OR Root Explorer OR And Explorer ) ကို ရှာပါ။ ဝင်ပါ။ SDcard ကိုသွားပါ။ အဲမှာ ခုနက ကူးထည့်ထားတဲ့ FontChangerLite​.apk မှာ တစ်ချက်နှိပ်ပါ။ Install လုပ်ပါ။ Install လုပ်ပြီးနောက် Application အား တန်းသုံးပါမယ်။ Open မှာ နှိပ်ပါ။ အဲ... ဒီအဆင့်မှာ ကိုယ့်ဖုန်းက Root လုပ်ထားပြီးသား ဖြစ်နေမှသာ SuperUser ပေါ်လာပြီး FontChangerLite Application ကို Run ခွင့်ပြုမပြု မေးပါမည်။ Allow Button ကို ရွေးပြီး ခွင့်ပြုလိုက်ပါ။


(မှတ်ချက် - Root လုပ်မထားသော Android ဖုန်းတွင် ပြုလုပ်နိုင်မည် မဟုတ်ပါ။ Root လုပ်နည်းမသိပါက ဒီမှာ နှိပ်ပြီး လေ့လာပါ။)


၃။ FontChangerLite Application အား Run ပြီးပါက ပြန်ပိတ်လိုက်ပါ။ ပြီးနောက် ဖုန်း၏ SD Card တွင် ဝင်ကြည့်ပါက .fontchanger ဆိုသည့် Folder တစ်ခုကို တည်ဆောက်ပေးသွားပါတယ်။ ထို .fontchanger Folder ထဲသို့ zawgyione.ttf ( OR ) zawgyione2008.ttf ဇော်ဂျီဖောင့် တစ်ခုခုကို ကူးထည့်ပါ။

၎။ ထို့နောက် FontChangerLite App ကို ပြန်ဖွင့်ကြည့်ပါက .fontchanger Folder ထဲတွင် ထည့်သွင်းခဲ့သော Zawgyi Font ကို တွေ့ရပါမည်။ ဇော်ဂျီဖောင့်ပေါ်မှာ One Touch တစ်ချက်နှိပ်ပါ။ Prompt တစ်ခု တပ်လာရင် Apply လုပ်ပါ။ Reboot now ကို ထပ်ရွေးပါ။ ဖုန်းကို Restart ချပေးသွားပါမည်။

၅။ ဖုန်းပြန်အတက်တွင်တော့ မူရင်းဖောင့်နေရာတွင် ဇော်ဂျီဖောင့်ကို အစားထိုးပြီး တက်လာပါပြီ။ ဒီအဆင့်ထိ အဆင်ပြေခဲ့ရင် ဇော်ဂျီဖောင့်ထည့်သွင်းခြင်း ပြီးပါပြီ။ မြန်မာ Websites တွေကို ဖတ်ရှုလို့ ရပါပြီ။ အိုင်တီမန်း(မန္တလေး)

2 Response to "Android ဖုန်းမှာ ဇော်ဂျီဖောင့် ထည့်ခြင်း နည်းလမ်း ( ၁ )"

  1. kyaw kyaw says:

    ကျွန်တော်လည်းအစ်ကိုပြောတဲ.အတိုင်းလုပ်တာ[နောက်ဆုံးဇော်ဂျီဖောင့်ပေါ်မှာ One Touch တစ်ချက်နှိပ်ပါ။ Prompt တစ်ခု တပ်လာရင် Apply လုပ်ပါ။ Reboot now ကို ထပ်ရွေးပါ။ ]အဲ.အဆင်.မှာကျွန်တော်ဖုန်းကအင်စတော ဗျူး ကာဆယ်အဲ.ဒါပဲပေါ်လို.မရလို.အကြံညာဏ်လေးပေးစေချင်ပါတယ်ကျွန်တော်ဖုန်းကgalaxysပါမော်ဒယ်ကshw-m11os

    Unknown says:

    မြန်မာစာရိုက်လို့ရတယ် facebookကြည့်လို့ရတယ်နှစ်တရာပြက္ခဒိန်ကမြန်မာလိုတွေမမြင်ရဘူးသိရင်ပြောပြပေးစေလိုပါတယ်ခင်ဗျာ

powered by Blogger | WordPress by Nyi Nyi | Converted by Mandalar.Net