How to transfer contacts from Nokia to Blackberry
Nokia Handset ကနေပြီးတော့ Blackberry Handset ထဲကို contacts တွေကို အပြည့်အ၀ Copy ကူးယူလို့ရတယ်ဆိုတာကို သင်ယုံကြည်ပါသလား?? ဒီနည်းလမ်းတွေကိုအသုံးပြုပြီး စမ်းသပ်ကြည့်လို့ ရပါတယ် အားလုံးကတော့ အချိန်တိုင်းမှာ အပြည့်အစုံ အလုပ်မလုပ်ပါဘူး။
နည်းလမ်း (၁)
Nokia Handset ထဲမှာ ရှိတယ့် သင့်ရဲ့ contacts တွေကို Sim card ထဲကို Copy ယူလိုက်ပါ။ ပြီးရင်တော့ အဲ့ဒီ Sim card ကို Black Berry Handset ထဲကိုထည့်ပြီးတော့ contacts တွေကို Copy ပြန်ကူးယူလိုက်ပါ အဲ့လိုကူးယူလိုက်တယ့် အခါမှာ contacts တွေရဲ့format တွေပြောင်းလဲသွားနိုင်သလို။ ဒီနည်းလမ်းကိုအသုံးပြုရင် contact တစ်ခုမှာ နံပါတ်တစ်ခုထက်ပိုခဲ့ရင် လုပ်ငန်းလုပ်ဆောင်ပေးမှာမဟုတ်ပါဘူး။
နည်းလမ်း (၂)
ဒီနည်းလမ်းက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ တစ်ချို့ contact တွေရဲ့ Phone no. တစ်ချို့ ပျောက်ဆုံးတာကလွှဲလို့ အတော်အသုံးဝင်တယ့် နည်းလမ်းပါ။ Nokia Handset ကို Computer နဲ့ချိတ်ဆက်ပြီးတော့ Handset ထဲမှာရှိတယ့် contacts တွေကို Outlook နဲ့ synchronize လုပ်ယူလိုက်ပါ။ Synchronize လုပ်ပြီးတော့မှ Blackberry Handset ကို Computer နဲ့ ချိတ်ဆက်ပြီးတော့ Outlook ကိုအသုံးပြုပြီး synchronize ပြန်လုပ်လိုက်ပါ။ အဲ့ဒါဆိုရင်တော့ Nokia Handset ထဲက Contact တွေ Blackberry Handset ထဲရောက်သွားပါလိမ့်မယ်။
နည်းလမ်း (၃)
Nokia Handset ထဲကသင့်ရဲ့ Contact တွေကို ASCI ဖိုင်အနေနဲ့ Export ထုတ်ပြီးတော့ Blackberry ထဲကို Import ပြန်သွင်းခြင်းပဲဖြစ်ပါတယ်။
ပထမဦးဆုံး Nokia Handset ကို Computer နဲ့ ချိတ်ဆက်လိုက်ပါ (Computer မှာတော့ Nokia PC Suite Install လုပ်ထားပြီးသား ရှိရပါလိမ့်မယ်။) Nokia PC Suit ထဲက Contacts ထဲကို သွားပြီးတော့ contacts အားလုံးကို Select မှတ်လိုက်ပါ။ Select လုပ်ပြီးရင်တော့ File Menu ထဲက Export ကို Click နှိပ်လိုက်ပါ။ Export file ကို Desktop ပေါ်မှာ သိမ်းလိုက်ပါ။ အောက်မှာ ပြထားတယ့် ပုံ (၂) ပုံအတိုင်းပါ။
ပြီးရင်တော့ BlackBerry ရဲ့ Desktop Manager ကိုဖွင့်ပါ။
Synchronize ကို ရွေးပါ။ Configure ကို Click နှိပ်ပြီး Reset Configuration ကိုရွေးပါ။ ပြီးရင်တော့ Synchronization ကို နှိပ်ပါ။
Address Book ကိုရွေးပါ၊ ASCII Importer ကိုရွေးပြီး Synchronize လုပ်လိုတယ့် direction ကိုရွေးပါ။
ပြီးရင်တော့ ASCII ဖိုင်ရှိတယ့် လမ်းကြောင်း ကိုရွေးပေးပြီး Next ကိုနှိပ်ပါ။
ASCII ဖိုင်ထဲက contacts တွေကို သင့်ရဲ့ Blackberry ဖုန်းထဲကို ကူးထည့်ပေးသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် Nokia Handset ထဲမှာ ထည့်ထားခဲ့တယ့် Contact တွေဟာ ရှုပ်ထွေးနေမယ်ဆိုရင်တော့ ပြသနာတော်တော် များများ တွေ့ရမှာဖြစ်ပါတယ်။ ဥပမာ အနေနဲ့ပြောရရင် Blackberry နဲ့ သဟဇာတ မဖြစ်တယ့် ဓါတ်ပုံ၊ တစ်ချို့ email, fax နံပါတ် နဲ့ အခြား နံပါတ်တွေ ပျောက်ဆုံးတာမျိုးဖြစ်နိုင်ပါတယ်။
နည်းလမ်း (၄)
ဒီနည်းလမ်းကတော့ အကောင်းဆုံးနည်းလမ်းလို့ ထင်ပါတယ်။ ဘာကြောင့်မို့လဲဆိုရင် Nokia ရဲ့ contacts တွေကို Gmail နဲ့ အတူ Google sync ကိုအသုံးပြုပြီး Synchronize လုပ်ယူပြီးမှ Blackberry ကိုလဲ Google sync နဲ့ Synchronize လုပ်ယူတာဖြစ်ပါတယ်။
ဒီနည်းလမ်းကို အသုံးပြုမယ်ဆိုရင်တော့ Mobile Handset နှစ်ခုစလုံးမှာ Google Mobile App ကို Download လုပ်ယူထားရမှာဖြစ်ပါတယ်။ ပြီးရင် Install လုပ်ထားရမှာဖြစ်ပါတယ် ဘယ်လို Install လုပ်ရမလဲ ဆိုတာကို ဒီနေရာ မှာသွားကြည့်နိုင်ပါတယ်။ ဒီနည်းလမ်းက လက်ဖျားခါလောက်အောင် ကိုကောင်းမွန်တာ တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် အရှေ့က နည်းလမ်းတွေလိုပဲ အားလုံးပြည့်စုံတာတော့ မဟုတ်ပါဘူး။ ဒီနည်းလမ်းကိုအသုံးပြုခြင်း အားဖြင့် Pictures နဲ့ တစ်ချို့ နံပါတ်တွေကို ပျောက်ဆုံးတာ ကြုံတွေ့ရမှာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ တစ်ချို့ contacts တွေဟာ မည်သည့် နံပါတ်မှ မပါပဲ synchronize လုပ်သွားတာလဲ ကြုံတွေ့ရမှာဖြစ်ပါတယ်။
အပေါ်မှာဖော်ပြခဲ့တယ့် နည်းလမ်းတွေက သင့်ကို ကူညီနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
http://mandalarnet.mandalaybloggers.org/ မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။
0 Response to "How to transfer contacts from Nokia to Blackberry"
Post a Comment