Windows Tips and Tricks
System Error Message Copying
စာဖတ်သူတို့ရေ... Ctrl + C, Ctrl + V လေး နှိပ်လိုက်ရုံဖြင့် Windows System Error Message တွေကို အလွယ်တကူ ကူးယူ သိမ်းထားနိုင်ပါတယ်။ ကွန်ပျူတာ အသုံးပြုရင်း Windows ပေါ်မှာ တစ်စုံတစ်ခု မှားလုပ်မိရင်လည်း System Error Message ကျတက်သလို၊ ဗိုင်းရပ်စ်ကြောင့်လဲ System Error Message တွေ ကျတတ်ပါတယ်။

ကျလာသော System Error Message ကို မှတ်ထားဖို့အတွက် Keyboard ကနေ Ctrl + C ကိုနှိပ်ပါ။ ပြီးလျင်
Notepad ကို ဖွင့်ပြီး Ctrl + V (Paste) လုပ်လိုက်ပါ။ ဒါဆို System Error Message ကို အလွယ်တကူ ကူးယူပြီးသား ဖြစ်နေပါပြီ။

Gtalk Login Error
အင်တာနက် ကွန်နက်ရှင် ကောင်းပါလျက်နဲ့ Gtalk Login ဝင်လို့မရခဲ့ပါက Windows ၏ Date and Times ကို မှန်ကန်မှု ရှိမရှိစစ်ပါ။ တခါတရံ Windows Date and Times မှားနေသောကြောင့် Gtalk Login ဝင်လို့မရပါ။
Net Send Error
Local ချိတ်ဆက်ထားသော ကွန်ပျူတာအချင်းချင်း Net Send Command ကို သုံးပြီး စာတို Message ပို့လို့ရတာကို စာဖတ်သူတို့ သိပြီးသားပါ။
Windows ရဲ့ Command Prompt ထဲမှာ - net send (computer name) Hello! လို့ရိုက်လိုက်ပါက စာပို့ခံရသော ကွန်ပျူတာတွင် Hello လို့ သွားပေါ်နေပါမည်။
သို့သော် Net Send Command ဖြင့် စာပို့မရခဲ့ပါက ပို့သော စက်နှင့် လက်ခံသော စက်တို့တွင် Messenger Service ကို ပိတ်ထားလို့သာ ဖြစ်ပါသည်။ အဲဒီတော့ ပြန်ဖွင့်လိုက်ပေါ့နော်။ :P
Gmail Inbox Preview
ဒီ Gmail Inbox Preview Function လေးကတော့ မြန်မာနိုင်ငံနဲ့ ကိုက်တယ်ဗျာ...
မိမိ၏ Gmail ကိုဖွင့် Settings ကိုဝင်။ Labs ကိုသွား။ အဲဒီထဲမှာ Inbox Preview ဆိုတဲ့ Function ကိုရှာ Enable ကိုရွေး။ Save လုပ်။ ပြီးပြီ။
ဘယ်လိုအချိန် အသုံးဝင်လဲဆိုတော့ အင်ကြာနက်ကြီး နှေးနေပြီ Gmail ကလည်း စစ်ချင်ပြီ ဝင်လို့ကမရ Loading နဲ့ရပ်။ အဲ လာပြီ အဲလို အချိန်မျိုးမှာ Inbox Preview ကို On ထားသော သူအနေဖြင့် မိမိ၏ Inbox ထဲက စာ ၁၀ စောင်ကို မဝင်ခင် Preview ကြိုမြင်နေရပါမည်။ စာထဲမှာ ဘာတွေပါတယ်ဆိုတာ ဖောက်ဖတ်လို့တော့မရပေမဲ့။ စာဝင်လားမဝင်ဘူးလား၊ ဘယ်သူပို့ထားတဲ့ စာတွေ ဝင်နေလဲဆိုတာကိုတော့ ကြိုကြည့်လို့တော့ရတာပေါ့ဗျာ.... ဟုတ်ဘူးလား။ အိုင်တီမန်း(မန္တလေး)

0 Response to "Windows Tips and Tricks"
Post a Comment