BarCamp Mandalay 2011 အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီ

၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီ လ၊ ပြည်ထောင်စုနေ့၊ နှင့် ၁၃ ရက်၊ နေ့အထိ မန္တလေးမြို့၊ POPA Hotel တွင် ပထမအကြိမ် ပြုလုပ်ကျင်းပခဲ့သော BarCamp Mandalay 2011 ၏ အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှု၊ နည်းပညာ၊ အတတ်ပညာ၊ အသိပညာများကို လူကြီး၊ လူငယ်များစွာ စုပေါင်း ပါဝင် ဆွေးနွေး လှုပ်ရှားပုံတို့ကို ကျွန်တော်၏ ဘလော့ဒ်တွင် ဤသို့မှတ်တမ်းတင် ပြုစုလိုက်ပါသည်။

ပထမနေ့ - BarCamp Mandalay 2011 တွင် Register လုပ်၍ တက်ရောက်သူပေါင်း - ၂၂၀၀ ဦး
ဒုတိယနေ့- BarCamp Mandalay 2011 တွင် Register လုပ်၍ တက်ရောက်သူပေါင်း - ၉၇၆ ဦး
စုစု​ပေါင်း - BarCamp Mandalay 2011 တွင် Register လုပ်၍ တက်ရောက်စုစုပေါင်း - ၃၁၇၆ ဦး
ဟောပြောသူ - Speaker ဦးရေ ၁၀၈ ဦး

ဖေဖော်ဝါရီ ၁၂ ရက်နေ့၊ ပြည်ထောင်စုနေ့လည်းဖြစ်သည့် BarCamp Mandalay ပွဲမှာ နည်းပညာ သာမက စာပေ၊ ဝါသနာ၊ သဘာဝပတ်ဝန်းကျင်၊ ဥပဒေ၊ စီးပွားရေး၊ လူမှုရေး၊ အင်ဂျင်နီယာပညာ၊ အနုပညာ ၊ ဓာတ်ပုံပညာ စတာတွေကို အရောင်အသွေးစုံ အမယ်စုံ လှပစွာနဲ့ ဟောပြောကြပြီး နားထောင်သူဦးရေမှာလည်း မြောက်များစွာ လာရောက် နားထောင်ပြီး ဝင်ရောက်ဆွေးနွေး ဟောပြောသွားကြတဲ့အတွက် ဝမ်းသာ ပိတီဖြစ်ရပါတယ်။




B​arCamp Mandalay Organizer Team ဥက္ကဌ ဆရာ ဦးသိန်းထွဋ်မှ အဖွင့်မှာ စကားပြောကြားနေစဉ်



BarCamp Mandalay PR Team Leader ဘလော့ဒ်ဂါ မောင်လှမှ BarCamp Mandalay ၏ စီစဉ်ထားမှု အခြေအနေများ၊ ပြုလုပ်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြနေစဉ်



ဆရာ ဦးရဲနိုင်၊ ဆရာမ ဒေါ်စန္ဒီခေတ်၊ ဆရာ ဦးရဲမြတ်သူတို့မှ ဖဲကြိုးညှပ်၍ အခမ်းအနားအား ဖွင့်လှစ်ပေးနေစဉ်



BarCamp Mandalay 2011 အဝင် မုဒ်ဦးအား တွေ့မြင်ရပုံ။



BarCamp Mandalay 2011 ပွဲတွင် ဤသို့  ကြိတ်ကြိတ်တိုး၍ စီကားခဲ့ပုံကို မှတ်တမ်းတင်ထားသည့် ပုံပါ။


ပထမနေ့ Time Table

ဟောပြောမည့် Speaker များ ကိုယ်တိုင် ကပ်ထားသည့် Topic ခေါင်းစဉ်နှင့် အချိန်၊ အခန်းနေရာတို့ကို ဖော်ပြပါ Time Table Board ကိုကြည့်၍ ကိုယ်နှစ်သက်ရာ Topic ကို ရွေးချယ်၍ နားထောင်နိုင်သလို၊ ကိုယ်ကိုတိုင်လည်း speaker  တဦးအဖြစ် Topic တင်ကာ ပါဝင်နိုင်ပါသေးသည်။


ဒုတိယနေ့ Time Table


Blogger Disscusion

BarCamp Mandalay 2011 ၏ ဒုတိယနေ့၊ မနက်ပိုင်း ၁၀ နာရီတွင် ရန်ကုန် ဘလော့ဒ်ဂါများနှင့် မန္တလေး ဘလော့ဒ်ဂါများ စုံညီ၍ ဘလော့ဒ် ရေးအား ဘာကြောင့် ကျလာသလဲ ဆိုသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြပါတယ်။


ပျော်ရွှင်စရာ ယိမ်းတိုက်နေသော ဘားကမ့် လူငယ်များ

BarCamp Mandalay 2011 တွင် အားကစားနှင့် ကျန်းမာရေး ပညာရပ်မျိုးကိုလည်း ဤသို့ လက်တွေ့ ပါဝင် သရုပ်ပြနေကြသော လူငယ်များကို တွေ့မြင်ရပါတယ်။



BarCamp Mandalay သို့ တက်ရောက်လာသော လူကြီး၊ လူငယ်တို့ရဲ့ BarCamp အပေါ် ထင်မြင်သုံးသပ် အမှတ်တရ စကားတွေလည်း ရေးသားခဲ့ကြသည်။



BarCamp Mandalay 2011 အောင်မြင်စွာ ပြီးမြောက်ခဲ့ခြင်းအပေါ် ပြန်လည် သုံးသပ်သည့် အနေဖြင့် Topic Review လည်း ပြုလုပ်ခဲ့ပါတယ်။ အိုင်တီမန်း(မန္တလေး)

0 Response to "BarCamp Mandalay 2011 အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီ"

powered by Blogger | WordPress by Nyi Nyi | Converted by Mandalar.Net