BarCamp Mandalay2011 ပထမနေ့ဖွင့်ပွဲ အမှတ်တရ
ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ BarCamp Mandalay2011 ရဲ့(ပထမနေ့) ကျင်းပခြင်း အစီအစဉ်များကို အောင်မြင်စွာ ကျင်းပသွားနိုင်ခဲ့ပါတယ်။ ဒီနေ့ ပွဲမှာ နည်းပညာ သာမက စာပေ၊ ဝါသနာ၊ သဘာဝပတ်ဝန်းကျင်၊ ဥပဒေ၊ စီးပွားရေး၊ လူမှုရေး၊ အင်ဂျင်နီယာပညာ၊ အနုပညာ ၊ ဓာတ်ပုံပညာ စတာတွေကို အရောင်အသွေးစုံ အမယ်စုံ လှပစွာနဲ့ ဟောပြောကြပြီး နားထောင်သူဦးရေမှာလည်း မြောက်များစွာ လာရောက်နားထောင်ပြီး ဝင်ရောက်ဆွေးနွေး ဟောပြောသွားကြတဲ့အတွက် ဝမ်းသာ ပိတီဖြစ်ရပါတယ်။ ယနေ့ ဖွင့်ပွဲမှာ အမှတ်တရ ရိုက်လာခဲ့တဲ့ ဓာတ်ပုံလေးများကို အမှတ်တရအနေနဲ့ ဖော်ပြပေးသွားပါ့မယ်။

ယနေ့ ဟောပြောဆွေးနွေးသွားသော မနက် ၉နာရီမှ ညနေ ၅ နာရီထိ အခန်းရှစ်ခန်းရှိ ဟောပြောပို့ချသော အကြောင်းအရာများနှင့်
ဟောပြောသူတို့၏နာမည်များကို အချိန်ဇယားအလိုက် နို့တစ် ဘုတ်တွင် ဖော်ပြထားပုံ။

Organizer အဖွဲ့များ။

ကွန်ပျူတာပညာရှင်များအသင်း ဥက္ကဌ ဦးသိန်းထွဋ် မှ အမှာစကား ပြောကြားစဉ်။

ဘလော့ဂါ မောင်လှ မှ ဘားကမ့် ကျင်းပရခြင်းအကြောင်း ပြောကြားစဉ်။

မန္တလေးဘားကမ့် 2011 ဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်စဉ်

ပထမနေ့ အမှတ်တရ ဓာတ်ပုံများကို အောက်မှ ဖေ့ဘုတ်လင့်ခ်တွင်လည်း ပြည့်စုံစွာ သွားရောက်ကြည့်ရှု့ နိုင်ပါသည်ခင်ဗျ။
http://www.facebook.com/?ref=home#!/album.php?aid=2111007&id=1417356286
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
ဤအကြောင်းအရာကို ဇော်သိင်္ခ - ( http://zawtk.mandalaybloggers.org ) မှ ရေးသားဖော်ပြထားခြင်း ဖြစ်ပါသည်။

0 Response to "BarCamp Mandalay2011 ပထမနေ့ဖွင့်ပွဲ အမှတ်တရ"
Post a Comment