How to Configure EDGE System for GSM Handsets

လွန်ခဲ့တဲ့ ခုနှစ်တွေကထဲက ထုတ်ပေးခဲ့တဲ့ ၁၅ သိန်းခွဲတန် ဂျီအက်စ် အမ် တွေကော၊ မနေ့တနေ့ကမှ ထုတ်ပေးခဲ့တဲ့ ၅ သိန်းတွေ ဂျီအက်စ် အမ် တွေကော အကုန်လုံးကို ရန်ကုန်မြို့နဲ့ နေပြည်တော် တို့မှာ EDGE စနစ်နဲ့ အင်တာနက် သုံးလို့ရနေပါပြီ။

(၂၁.၆.၂၀၁၁) ရက်နေ့မတိုင်ခင်အထိ ကတ်ထုတ်ခဲ့သော GSM အားလုံးမှာ ရွှေဂုံတိုင် ဆက်သွယ်ရေးတွင်သာ လျှောက်ထားရမည် ဖြစ်ပြီး (၂၁.၆.၂၀၁၁) ရက်နေ့ နောက်ပိုင်း ကတ်ထုတ်သူများ Elite Company တွေနဲ့ ၅ သိန်းဂျီ ထုတ်လို့ရတဲ့ ကိုယ်စားလှယ်တိုင်းမှာ
- ငွေကျပ် ၁ သောင်း
- စာချုပ်မိတ္တူ
- မှတ်ပုံတင်မိတ္တူ
တွေပေးရုံနဲ့ နေ့ချင်းပြီး လျှောက်လို့ရပါပြီ။ SIM Card လဲစရာ မလိုပါဘူး။

အဓိက ပြောချင်တာကတော့ GSM Handset တွေမှာ EDGE Setting ထည့်တဲ့အကြောင်းပါ။
ကျနော်တို့အရင်တုန်းက ၅ သိန်းတန် CDMA တုန်းက EVDO စနစ်နဲ့ အင်တာနက်ပေးခဲ့သလို အခု ဂျီအက်စ်အမ် ကျတော့ EDGE စနစ်နဲ့ အင်တာနက်သုံးရပါတယ်။
ကြုံတုန်းလေး EDGE စနစ်ရဲ့ အမြန်နှုန်းနဲ့ တခြား network type တွေရဲ့ speed တွေကို ပြသွားပါမယ်။

G – GPRS (General Packet Radio Service) (32-40kbps)
E - EDGE (Enhanced Data rates for Global Evolution) (~96kbps)
3G - 3rd Generation (128-320kbps)
H - HSDPA (1.2Mbps-7.2Mbps)

EDGE စနစ်ကို GSM Handset တွေထဲမှာ mobile network အနေနဲ့ ဖွင့်ရပါတယ်။ Mobile Network နဲ့ Data Roaming ကို Setting ထဲမှာ On တော့မှ EDGE စနစ်ပွင့်ပါတယ်။
Data Roaming ကိုတော့ အမြဲဖွင့်ထားလို့ရပေမယ့် Mobile Network ကိုတော့ အမြဲဖွင့်ထားရင် (တစ်မိနစ် = ၄ ကျပ်) ကတော့ အမြဲထွက်နေမှာပါ။
အပြည့်အစုံဖတ်ရန်...

1 Response to "How to Configure EDGE System for GSM Handsets"

  1. jumbo says:

    Bro, plz share me how to set internet setting on HUAWEI S8600

powered by Blogger | WordPress by Nyi Nyi | Converted by Mandalar.Net