CDMA 800 MHz ဖုန်းများကို ရန်ကုန် နှင့် မန္တလေးတွင် အသုံးပြုနိုင်ရန်

လက်တွေ့ကြုံတာလေးကို ပြန်လည်ဖောက်သည်ချတာပါ။

ဂျာနယ်မှာ ငါးသိန်းတန် CDMA 800 MHz ဖုန်းတွေကို ရန်ကုန်နဲ့ မန္တလေး တွင် ယူဆောင် အသုံးပြုလို့ရပြီ လို့ ပါလာတော့ ပျော်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကို တိုင်ကလည်း ဒါလေး ကိုင်ထားတာကိုး...။ ပြီးတော့ တကယ် ရမရလည်း သိချင်၊ စမ်းချင်လာတယ်လေ...။

သူငယ်ချင်းမြတ်ကြီးနဲ့တွေ့တော့ သူနဲ့လည်း ... CDMA 800 MHz အကြောင်း ပြောဖြစ်ကြတယ်။ သူနဲ့ စကားပြောရင်း ရန်ကုန် CDMA 800 MHz ဖုန်းကို မန္တလေးမှာ သုံးချင်ရင် မန္တလေး CDMA 800 MHz သုံး RUMI Card ကို တစ်ကြိမ်ထည့်သွင်း ပေးရမယ်။ အဲလိုပဲ မန္တလေး CDMA 800 MHz ဖုန်းကို ရန်ကုန်မှာ သုံးချင်ရင် ရန်ကုန် CDMA 800 MHz သုံး RUMI Card ကို တစ်ကြိမ်ထည့်သွင်းပေးမှသာ အသုံးပြုလို့ရတယ် ဆိုတာကို သိခဲ့ရပါတယ်။

အဲလိုလေးသိထားတဲ့ အချိန်မှာဘဲ တိုက်တိုက်ဆိုင်ဆိုင် ရန်ကုန်က လာတဲ့ မိတ်ဆွေ တစ်ယောက် CDMA 800 MHz ဖုန်းတစ်လုံးနဲ့ ကျွန်တော်စီ ဆိုဒ်ဆိုဒ်မြိုက်မြိုက်ရောက်လာပါလေရော။

ဒီကလည်း ဒီဂွင်စောင့်နေတာ ကွက်တိပဲလေ...။

ကြည့်လိုက်တော့ ရန်ကုန် CDMA 800 MHz ဖုန်းက တကယ်ပဲ ကျွန်တော်တို့ မန္တလေးမှာ ကွန်နက်ရှင်လုံးဝ မမိဘူးဗျာ။ Searching ပဲ လုပ်နေတယ် MPT Network ကို ရှာမတွေ့ ဖြစ်နေတယ်လေ...။

အဲဒါနဲ့ အနော်လည်း သူ့ 800 ဖုန်း ကို ပါဝါပိတ် သူ့ကဒ်ကို ထုတ်။

ကိုယ့် CDMA 800 ကဒ်ကို သူ့ ဖုန်း ထဲကို ထည့်ပြီး ပါဝါဖွင့်လိုက်တယ်။ စက်အတက်မှာ Network ကွန်ယက်ကို Searching လုပ်နေပါတယ်။ ခဏပဲ MPT ကိုတွေ့သွားတယ်။ Network ကွန်ယက်လည်းမိသွားတယ်။

ဖုန်းခေါ်ကြည့်လိုက်တယ်။ အိုကေတယ်ဗျာ။

အဲဒါနဲ့ ဆက်ပြီး... ဖုန်းကို ပြန်ပိတ်၊ ကိုယ့်ကဒ်ကို ပြန်ထုတ်၊ ရန်ကုန်ဖုန်းကဒ်ကို ပြန်ထည့် Handset ကို ပြန်ဖွင့်ကြည့်လိုက်တယ်။

ရသွားပြီဗျ။ MPT Network ကို သိသွားပြီ။ ကွန်ယက်မိသွားပြီ။ ဖုန်းခေါ်ကြည့်လိုက်တယ် အိုကေ... ဂွတ်ပဲ။

ရန်ကုန် CDMA 800 ဖုန်း မန္တလေးမှာ သုံးလို့ရသွားပြီ။

ရန်ကုန်က လာတဲ့ မိတ်ဆွေလည်း သူ့ဖုန်း မန္တလေးမှာ သုံးလို့ရသွားတော့ အတော်ပျော်ရွှင်သွားပုံရတယ်။

အဲ... ဒါတင်မကသေးပါဘူး။ အသိမိတ်ဆွေက ရန်ကုန်ပြန်ရောက်ရောက်ချင်းပဲ ကျွန်တော့်စီကို ဖုန်းပြန်ဆက်ပေးတယ်။

( ညီလေးရေတဲ့ ရန်ကုန်ရောက်တော့လည်း ဖုန်းက Auto မိနေရောတဲ့ ဘာမှ ထပ်ပြီး ပြင်စရာမလိုဘဲ သုံးလို့ရနေတယ်တဲ့။ )
အဲဒီစကားကြားလိုက်တော့...

ဒီ CDMA 800 MHz ဖုန်းကို တခြားမြို့တွေမှာ အသုံးပြုလို့ရဖို့အတွက် အထက်ပါ ပြုလုပ်နည်းအတိုင်း တစ်ကြိမ်သာ ပြုလုပ်ရုံနဲ့ အဆင်ဆင်ပြေပြေ အသုံးပြုလို့ရတယ်ဆိုတာကို ကျွန်တော် သိလိုက်ရပါတယ်...။

ဒါဆို ကျွန်တော်တို့မန္တလေးသားတွေလည်း ရန်ကုန်ရောက်လို့ CDMA 800 MHz သုံး ဖုန်းကို သုံးမယ်ဆိုရင် အထက်ပါနည်းလမ်းအတိုင်း တစ်ကြိမ်ပြုလုပ်ပေးဖို့ မမေ့ကြပါနဲ့အုန်းနော်။

နောင်များ ယခုဖော်ပြပါနည်းအတိုင်း လုပ်စရာမလိုဘဲ Auto အလုပ်လုပ်နိုင်ပြီဆိုတာမျိုး စာဖတ်သူက ကြုံခဲ့ရင်လည်း ကျွန်တော်ကို ပြန်လည် ဖောက်သည်ချဖို့ မမေ့ပါနဲ့နော်။ အိုင်တီမန်း(မန္တလေး)

0 Response to "CDMA 800 MHz ဖုန်းများကို ရန်ကုန် နှင့် မန္တလေးတွင် အသုံးပြုနိုင်ရန်"

powered by Blogger | WordPress by Nyi Nyi | Converted by Mandalar.Net