PopMessenger V.1.6

Local Network ထဲမှာ Chatting Software သုံးချင်သူတွေအတွက် PopMessenger Software ကို မျှဝေလိုက်ပါတယ်။ ဒီ Software လေးက LAN Chat အဖြစ်အသုံးပြုရာမှာ အဆင်ပြေတယ့် အပြင် အခု Version 1.61 မှာဆိုရင် WAN Chat အနေနဲ့ပါ သုံးလို့ ရတယ်လို့တော့ ထုတ်တယ့် Company ကတော့ ပြောတာပဲ စမ်းတော့ မစမ်းကြည့်ရသေးဘူး။ စမ်းမယ့်သူ မရှိသေးတာလဲ ပါတာပေါ့။
PopMessenger ကိုအသုံးပြုတယ့် နေရာမှာ Network အတွင်းမှာ Public chat အနေနဲ့ရော Private chat အနေနဲ့ပါသုံးလို့ ရပါတယ်။ ပြီးတော့ Broadcast Message feature ပါဝင်တယ့် အတွက် Messenger ထဲမှာ ရှိနေတယ့် လူအားလုံးကို တစ်ချိန်ထဲ တစ်ပြိုင်ထဲမှာ ကိုပေးချင်တယ့် Message ကိုပေးလို့ရပါတယ်။
PopMessenger က LAN Chat room ထဲမှာကို တစ်ယောက်ကိုတစ်ယောက်ပို့တယ့် Message ကိုတောင် Encrypt လုပ်ပြီးမှပို့လို့ ကိုယ် Chat နေတာကို သူများ ခိုးကြည့်လို့ မရတော့ဘူးပေါ့။ ပြီးတော့ Offline Message လဲပို့လို့ လဲရပါတယ်။ တစ်ယောက်ကနေ တစ်ယောက်ကိုလဲ Files တွေ Transfer လုပ်လို့ရတယ်။ ကိုယ် Chat ထားတယ့် Message History တွေကို သိမ်းထားချင်လဲ ရသေးတယ်ဗျာ။ ပြီးတော့ Message ၀င်လာတယ့်အခါ၊ စာရိုက်နေတယ့် အခါ၊ Message ပို့လိုက်တယ့်အခါ၊ Chat room ထဲကို User အသစ် Login ၀င်လာတယ့် အခါ တွေမှာ လဲ Alert ကိုယ်ကြိုက်တယ့် အသံကို ရွေးထားလို့ရတယ်။
PopMessenger ရဲ့ အထူးခြားဆုံး နောက်အချက်တစ်ခု ကတော့ UDP နဲ့ TCP ကို ကြိုက်တယ့် Port ကိုအသုံးပြု လို့ရတာပဲဖြစ်ပါတယ်။ PopMessenger က Windows Vista ကိုလဲ Support လုပ်တယ် ဗျ။ Message တစ်ခါပို့ရင် 23000 Charters နဲ့ File တစ်ခါ Transfer လုပ်ရင် 4GB အထိ Transfer လုပ်လို့ရပါတယ်။
Download Links:

Password: mandalar.net
0 Response to "PopMessenger V.1.6"
Post a Comment