အရေးကြီးတဲ့ Data တွေကို တပါးသူ မသိအောင် ကွယ်ဝှက်မယ်

အခု ဖော်ပြပေးမယ့် အကြောင်းအရာလေးကလည်း စာဖတ်သူအတွက် အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။

စာဖတ်သူတို့အတွက် သိပြီးသား အကြောင်းအရာလည်းဖြစ်နိုင်သလို၊ မသိသေးတာလည်း ဖြစ်နိုင်တဲ့အတွက် တင်ပြလိုက်တာပါ။

How to Hide Your Important Data
မိမိ၏ အရေးကြီး Data များ ထည့်သွင်းထားသော Folder ၏ အမည်ကို Blank ထားပါမည်။ ပုံမှန်တိုင်း Folder Name ကို Blank ထားလို့မရပါ။ ဒါကြောင့် ဤသို့ ကြံဖန်ရပါမည်။

၁။ Folder ပေါ်မှာ Right Click နှိပ် Rename လို့ပြောပါ ( သို့မဟုတ် ) Folder ကို Select လုပ် F2 နှိပ်။

၂။ အမည် မှာ Blank ထားနိုင်ဖို့အတွက် Keyboard ကနေ Alt+0160 လို့ရိုက်ထည့်လိုက်။ ဘယ်လိုလဲ အမည်မပါတဲ့ Folder တစ်ခု ရပြီ မလား။

၃။ ဒီထိ အိုကေတယ်နော်။ ဆက်သွားမယ်။ Folder ရဲ့ icon ကို ချိန်းမယ်။ Folder ပေါ်မှာ right click နှိပ် Properties ကိုရွေး။ Customize Tab ထဲက Change Icon မှာနှိပ်။


၎။ ရွေးချယ်စရာ Icon တွေ အများကြီးထဲက ဘာမှ မမြင်ရတဲ့ Blank Icon ကိုရွေး။ OK နဲ့ထွက်။


၅။ ကဲ ဘယ်လိုလဲ သင့်ရဲ့ Data တွေကို သာမာန်ကြည့်ရင် မြင်ရသေးလား။ အိုင်တီမန်း(မန္တလေး)

0 Response to "အရေးကြီးတဲ့ Data တွေကို တပါးသူ မသိအောင် ကွယ်ဝှက်မယ်"

powered by Blogger | WordPress by Nyi Nyi | Converted by Mandalar.Net