Filtering eMail and Create a New Label in Gmail
Pyae Phyo: အကို gmail မှာ ၀င်လာလာတဲ့ စာတွေကို သီးခြား file ထဲမှာဝင်အောင်လုပ်လို့ရလား။ Inbox ထဲမှာမရောက်ပဲနဲ့လေ။
Ans: zayarsan: @pyae phyo ., ya par tal.,you must be create LABEL.
အခုလို ကူညီဖြေကြားပေးတဲ့ zayarsan ကို ကျေးဇူးတင်ပါတယ်။ နောက်လည်း ကူညီပေးပါ။
ပြည့်ဖြိုး ငါ့ညီရေ... ပိုပြီးပြည့်စုံသွားအောင် အသေးစိတ် ပြောပြလိုက်ပါတယ်။
Gmail ကိုဖွင့်ပါ။ ညာဘက်အပေါ်လောက်မှာ ရှိတဲ့ Settings ဆိုတာကို နှိပ်ပါ။
Settings ထဲက Filters ကိုရွေးပါ။
Create a new Filter မှာ နှိပ်ပါ။
From: မှာ မိမိစစ်ထုတ်လိုသော အီးမေးကို အတိအကျ ရေးပါ။ တခြား To:, Subject တို့မှာ ဘာမှ မဖြည့်လဲ ရပါတယ်။
Next Step မှာ နှိပ်ပြီး ဆက်သွားပါ။
နောက်တဆင့်က ရှေ့က From: မှာ ပေးခဲ့တဲ့ လိပ်စာနဲ့ အီးမေးဝင်လာခဲ့ရင် Inbox ထဲကို မရောက်စေချင်တဲ့အတွက် အဲဒီမှာ skip the inbox ဆိုတာကို ရွေးပါ။ ပုံမှာ လေ့လာကြည့်ပါ။

ဆက်ပြီး ကိုယ်က Labels အသစ်ထဲကိုပဲ ပို့လိုက်တဲ့ စာကို ရောက်စေချင်တာဆိုတော့ Apply to Label box ထဲက New Label ကိုရွေးပါ။
အမည်တစ်ခုပေးပါ။ OK မှာနှိပ်ပါ။ မိမိပေးလိုက်သော အမည်နဲ့ Label တစ်ခု တည်ဆောက်ပေးပါတယ်။
ပြီးရင် Create Filter မှာ နှိပ်ပါ။ ဒါလေးပါပဲ။
အထက်ပါ လုပ်ငန်းစဉ်အတိုင်း တခြား အီးမေးလိပ်စာတွေကို Inbox ထဲကို မဝင်စေဘဲ။ မိမိ၏ Label အသစ်ထဲကို ရောက်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ အိုင်တီမန်း(မန္တလေး)

0 Response to "Filtering eMail and Create a New Label in Gmail"
Post a Comment