About of Tor


Tor ဆိုတာကတော့ Virtual Tunnel အမျိုးအစားထဲကပဲဖြစ်ပါတယ်။ ISP တွေက ပိတ်ပင်ထားတယ့် Website တွေကို သွားရောက်အသုံးပြု လိုတယ့်အခါ (သို့) မိမိ Internet အသုံးပြုနေတယ့် အနေရာအမှန်ကိုမသိစေချင်တယ့်အခါ တွေမှာအသုံးပြုလို့ရပါတယ်။

ISP ရဲ့ Proxy Filter တွေကိုကျော်ဖြတ်လို့ရတယ့် Software တွေအများအပြားရှိပါတယ်။
ဥပမာအနေနဲ့ဆိုရင် Your-Freedom, Hotspot Shield, Security KISS, JonDonym etc.......။

အဲ့ဒီ Software တွေနဲ့ Tor နဲ့မတူတယ့် အဓိကအချက်ကတော့ အထက်မှာဖော်ပြခဲ့တယ့် Software တွေက ISP Proxy ကိုကျော်ပြီး Internet ပေါ်တက်ချင်တယ့်အခါမှာ ၎င်းတို့ရဲ့ သက်ဆိုင်ရာ Server တွေကို သွားရောက်ချိတ်ဆက်ရပါတယ်။ အဲ့လိုချိတ်ဆက်ရာမှာလဲ တစ်ကြိမ်မှာ Server တစ်ခုကိုပဲ ချိတ်ဆက်လို့ရပါတယ်၊ ဒါကြောင့် Server ကိုချိတ်ဆက်ပြီး Internet အသုံးပြု နေတယ့် အချိန်မှာပဲ မိမိ ဘယ်နေရာ (ဘယ် Server ကိုအသုံးပြုပြီး Internet ချိတ်ဆက်ထားတယ်ဆိုတာ) ကို အလွယ်တစ်ကူ လိုက်လံစစ်ဆေးလို့ရနေမှာ ဖြစ်ပါတယ်။

Tor ကိုအသုံးပြုမယ်ဆိုရင်တော့ မိမိဘယ်နေရာကနေအသုံးပြုနေတယ်ဆိုတာ (ဘယ် Server ကနေအသုံးပြုနေတယ်ဆိုတာ) ကိုအလွယ်တစ်ကူ စစ်ဆေးကြည့်လို့မရနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Tor Network က ကမ္ဘာ့ရဲ့ နေရာအနှံ့မှာ ရှိနေပြီးတော့ Tor Software ကလဲ အချိန်နဲ့ အမျှ Server တွေကို ပြောင်းလဲ ချိတ်ဆက်ပေးနေလို့ပါပဲ။

Download Link: ifile.it  (Stable Vidalia Bundle works with Windows 7, Vista, XP, 2003 Server)

ဤအကြောင်းအရာကို Mandalar.Net ( http://mandalarnet.mandalaybloggers.org ) မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

0 Response to "About of Tor"

powered by Blogger | WordPress by Nyi Nyi | Converted by Mandalar.Net