BarCamp ဆိုတာ... ???
ရည်ရွယ်ချက်
လူကြီး လူငယ် မရွေး အသက်အရွယ် အားလုံး အတွက် ရည်ရွယ်ပြီး BarCamp Mandalay ကို ကျင်းပ ပြုလုပ်မှာပါ။ တစ်ယောက်နဲ့ တစ်ယောက် နည်းပညာ ဖလှယ်မှု၊ အတတ် ပညာ ဖလှယ်မှု၊ အသိပညာ ဖလှယ်မှုတွေ စတဲ့ ကောင်းမွန်တဲ့ ဓလေ့စရိုက်တွေ ပြန့်ပွားလာစေဖို့ ရည်ရွယ် ပါတယ် ။ ပြီးတော့ အတတ်ပညာ၊ နည်းပညာ၊ အသိပညာတွေကို ကိုယ့်ပတ် ဝန်းကျင် အတွက် ဘယ်လို အကျိုးရှိရှိ အသုံးချနိုင်မလဲ ဆိုတာကို ဝါသနာတူရာ အခြားသော မိတ်ဆွေ များနဲ့ တိုင်ပင် ဆွေးနွေး လာနိုင်စေဖို့ပါ။ နောက်တစ်ခုက အင်တာနက်ကို ဘယ်လို နေရာတွေမှာ အကျိုးရှိရှိ အသုံးချ နိုင်မလဲ ဆိုတာကို မီးမောင်းထိုး ပြချင်တာပါ။ ပြီးတော့ မြန်မာပြည်မှာ အင်တာနက် အသုံးပြုသူ တဟုန်ထိုး တိုးတက် လာစေချင်တဲ့ ရည်ရွယ်ချက် တွေနဲ့ ကျင်းပမှာပါ။
BarCamp ရဲ့ အဓိပ္ပာယ်
ဘားကမ့်ဆိုတာ .....
လွတ်လပ်ပေါ့ပါးတဲ့ ဘယ်သူမဆို ပါဝင် ဆင်နွှဲနိုင်တဲ့ အတတ်ပညာ၊ နည်းပညာ၊ အသိပညာ ဖလှယ်ပွဲတစ်ခု ဖြစ်ပါတယ်။ ပုံမှန် ဆွေးနွေးပွဲ၊ အစည်းအဝေး၊ တွေ့ဆုံပွဲ စတာတွေလို ကြိုတင် စီမံထားတဲ့ ခေါင်းစဉ်တွေ သတ်မှတ် ထားရှိခြင်း မရှိဘဲ တက်ရောက် လာသူတွေက ပြောလာတဲ့၊ ပြောချင်တဲ့ အကြောင်း အရာတွေကို တချိန်ထဲ တပြိုင်ထဲ မှာ အများအပြား တင်ပြ ပေးနိုင် တဲ့ နေရာများစွာကို ဖန်တီးပေးမယ့် ပွဲတခု ဖြစ်ပါတယ်။ တစ်ယောက်တည်းက ပြောဆိုနေတာကို ကျန်တဲ့ သူတွေက နားထောင် နေရတာမျိုး မဟုတ်ဘဲ တက်ရောက် လာသူတိုင်း ကိုယ်သိတဲ့ ကိုယ်တတ်ကျွမ်းတဲ့ ဘာသာရပ်တွေ၊ ပညာရပ်တွေကို ဖွင့်ဟ ပြောဆို နိုင်တာမို့ လူအများကြီးနဲ့ ထိတွေ့ ဆက်ဆံ နိုင်ခွင့်ကိုလည်း ရရှိစေမှာပါ။ Seminar တွေလို One to Many သွားတဲ့ ပုံစံမျိုး မဟုတ်ဘဲ Many to Many သွားတဲ့ ပုံစံမျိုးနဲ့ ကျင်းပမှာ ဖြစ်ပါတယ်။
BarCamp ပုံစံ
ဘားကမ့်ဟာ ဆီမီနာလို ပုံစံမျိုး မဟုတ်ပါဘူး။ သူ့ပုံစံဟာ လွတ်လပ်မှုရှိပါတယ်။ ပြီးတော့ နွေးထွေးမှုလည်း ပိုရှိတယ်။ ဒီပွဲမှာ ပါဝင်ပြီး Presentation လုပ်မယ့် လူတွေဟာ တခါ တလေ ကြိုတင် ပြင်ဆင် လာတတ်သလို၊ တခါတလေ အဲဒီ ပွဲနေ့ရောက်မှ ပြင်ဆင်ပြီး Presentation လုပ်ကြတာမျိုးပါ။ သူများတွေ ပြောကြမယ့် ခေါင်းစဉ်တွေကို ကြည့်ပြီးတော့ လည်း ကိုယ့်မှာ အကြံပေါ်လာခဲ့ရင် Topic Registration နေရာမှာ ကိုယ်ပြောမယ့် ခေါင်းစဉ်ကို သွားပေးပြီး ကြော်ငြာ ဘုတ်မှာ ကပ်လိုက်ရုံပါပဲ။ ဒီနေရာမှာ ကိုယ်ပြောမယ့် ခေါင်းစဉ်ကို စိတ်ဝင်တစား လာနားထောင်မယ့် သူတွေ ရှိလာအောင်လို့ စည်းရုံးရေး ဆင်းရတဲ့ အပိုင်းဟာလည်း ဘားကမ့်ရဲ့ ချစ်စရာ ဓလေ့တစ်ခု ဖြစ်ပါတယ်။ တချို့က ကိုယ့်ဟောပြောပွဲကို လာနားထောင်ရင် မုန့်ကျွေးမယ်ဆိုပြီး လာသမျှလူကို မုန့်ကျွေးဖို့ ပြင်ဆင် ကြရပါတယ်။ တချို့ ကလည်း အမှတ်တရ ပစ္စည်းလေးတွေ ပေးတတ်တယ်။ တချို့က ကြော်ငြာ စာရွက်တွေ လုပ်ပြီး ဝေကြပါတယ်။ ဘားကမ့်ကို လာတဲ့ လူတိုင်းဟာ ကိုယ့်အကြောင်းနဲ့ ကိုယ်ပြောမယ့် အကြောင်းကို စိတ်ဝင် စားလိမ့်မယ်လို့ တွက်ထားလို့ မရပါဘူး။ ကိုယ့်လိုပဲ အခြား အခန်းတွေမှာ တပြိုင်နက် ပြောမယ့် လူတွေ ရှိနေတယ် ဆိုတာကို ထည့်တွက် ရပါမယ်။ ဆီမီနာလို တစ်ချိန်မှာ တစ်ယောက်တည်း ပြောမှာ မျိုးလည်း မဟုတ်ပါဘူး။ တချိန်တည်းမှာ တစ်ယောက် ထက်မကတဲ့ ဟောပြောသူတွေက မတူတဲ့ အခန်းတွေထဲမှာ မတူတဲ့ ခေါင်းစဉ်တွေကို ဟောပြော နေကြမှာပါ။ သူတို့ရဲ့ ခေါင်းစဉ်၊ သူတို့ရဲ့ Public Attraction ဟာ ကိုယ့်ထက် ကောင်းနေမယ်ဆိုရင် ကိုယ့်ဟောပြောပွဲမှာ လူရှိမှာ မဟုတ် ပါဘူး။ ဒါကြောင့် အခုနကလို နည်းလမ်းတွေနဲ့လည်း မဲဆွယ် ကြရပါတယ်။ အဲဒါကြောင့် ကိုယ်ပြောတဲ့ အကြောင်းအရာက ဘယ်လောက် ကောင်းသည်ဖြစ်စေ Audience ကို သိအောင် လုပ်ဖို့ကလည်း အရေးကြီးတဲ့ နေရာမှာ ပါဝင်ပါတယ်။ ဒါပေမယ့် ဒါဟာ အပြိုင်အဆိုင် သဘောမျိုးတော့ မဟုတ်ပါဘူး။
ဆွေးနွေးမည့် အကြောင်းအရာ
အခု ပြုလုပ်မယ့် barcamp Mandalay 2011 ကို ကွန်ပျူတာ ပညာရှင်အသင်း (MCPA) နှင့် ကွန်ပျူတာ လုပ်ငန်းရှင် အသင်း (MCIA) တို့ရဲ့ ကူညီ ထောက်ပံ့မှုတွေနဲ့ ကျင်းပ ပြုလုပ်တာ မှန်ပေမယ့် IT ပညာရပ်တွေ သာမက အခြား မည်သည့် ပညာရပ် မဆို ဆွေးနွေးလို့ ရပါတယ်။ ဥပမာ – ဟင်းချက်နည်း၊ ကြက်ဥ အလုံး ၁၀၀ ကို ၁၀-မိနစ်အတွင်း ကျက်အောက် ပြုတ်နည်း၊ သော့ပြင်နည်း၊ ကျန်းမာရေးနဲ့ ပတ်သက်တာတွေ၊ စာပေ၊ ကဗျာ၊ ဂီတ၊ ပန်းချီ၊ ပန်းပု၊ လက်မှုပညာတွေ စတဲ့ နည်းပညာ၊ အတတ်ပညာ၊ အသိပညာတွေကို ဆွေးနွေး ဖလှယ်နိုင်ပါတယ်။
BarCamp တက်ရောက်မည့်သူများ
အခု ပြုလုပ်တဲ့ BarCamp Mandalay 2011 ဟာ မန္တလေးမှာ ပထမဆုံးအကြိမ် ကျင်းပမယ့် ပွဲဖြစ်တာမို့လည်း အနယ်နယ် အရပ်ရပ်က နည်းပညာ၊ အတတ်ပညာ၊ အသိပညာ စိတ်ဝင် စားတဲ့ လူတွေအားလုံး တက်ရောက်ကြဖို့ ရှိပါတယ်။ ဘားကမ့်ကို စိတ်ဝင်စားတဲ့ ရန်ကုန်က ဘားကမ်ပါ တွေလည်း တက်ရောက် ကြမယ်လို့ သိရပါတယ်။ BarCamp Mandalay 2011 ကို လာရောက်မယ့် လူဦးရေဟာ ၁၀၀၀ ဝန်းကျင် လောက် ဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
BarCamp ကို ယူလာသင့်သည့် ပစ္စည်းများ
တက်ရောက်လာသူ အချင်းချင်း ကောင်းနိုးရာရာ Software တွေ၊ အတတ်ပညာ၊ နည်းပညာ၊ အသိပညာ အချက် အလက်တွေ ဖလှယ်ကြမှာမို့ အခွင့်အရေးကို လက်မလွှတ် ရအောင် Laptop, Thumb Drive/ External Drive, CD, DVD, Power Cords ၊ မှတ်စု စာအုပ် စတာတွေ အပြင် ကိုယ်ကလည်း အခြားသူတွေကို မျှဝေချင်တဲ့ နည်းပညာ၊ အတတ်ပညာ၊ အသိပညာ နှင့် ပတ်သက်တဲ့ စာရွက် စာတမ်း၊ soft copy, hard copy တွေကို ကြိုတင် ပြင်ဆင်ပြီး ယူလာမယ်ဆို အကောင်းဆုံး ဖြစ်ပါတယ်။
အမှတ်တရ လက်ဆောင်တွေ ယူပါ။
Barcamp Mandalay logo ပါ T-Shirt နဲ့ အခြား အမှတ်တရ လက်ဆောင် ပစ္စည်းတွေ ပေးမှာပါ။ လက်ဆောင် ပစ္စည်းတွေကို အရေအတွက် အကန့်သတ်နဲ့ ပြုလုပ်ထားတာမို့ ကြိုတင်စာရင်း ပေးသွင်းထားဖို့တော့ လိုအပ်ပါတယ်။
ဒါဆို BarCamp Mandalay 2011 တက်ရောက်ဖို့ ဘယ်လို စာရင်း ပေးရမလဲ…?
http://barcampmandalay.org/registration/ မှာ online registration လုပ်နိုင် သလို 02-69313 (MCPA), 02-69315 (MCIA) ဖုန်းနံပါတ်များကို ဆက်သွယ်ပြီး စာရင်း ပေးသွင်း နိုင်ပါတယ်။ ဒါ့အပြင် MCPA နဲ့ MCIA အသင်းရုံး တည်ရှိရာ -
ကို လူကိုယ်တိုင် သွားရောက်ပြီး စာရင်း ပေးသွင်း နိုင်ပါတယ်။
BarCamp Mandalay 2011 သတင်း အချက် အလက်တွေ သတင်း ထုတ်ပြန်ချက်တွေကို ဘယ်နေရာ တွေက ရနိုင်မလဲ …?
ဘားကမ့် မန္တလေးရဲ့ တရားဝင် website ဖြစ်တဲ့ barcampmandalay.org မှာ သတင်း ထုတ်ပြန်ပေး နေသလို www.facebook.com/barcampmandalay မှာလည်း သတင်း ထုတ်ပြန်မှုတွေကို ပြုလုပ်ပေး နေပါတယ်။
BarCamp Mandalay 2011 ကျင်းပမည့် နေ့ရက်၊ အချိန်၊ နေရာ
မှာ ကျင်းပ ပြုလုပ်မှာပါ။ အိုင်တီမန်း(မန္တလေး)
Reference By: http://BarcampMandalay.Org

အခန်း (၂၂၆), ရွှေဖြူပလာဇာ၊ (၃၃)လမ်းနှင့် ဇောတိကလမ်းကြား၊
(၇၇) လမ်းနှင့် (၇၈) လမ်းကြား၊ မန္တလေးမြို့။
ကို လူကိုယ်တိုင် သွားရောက်ပြီး စာရင်း ပေးသွင်း နိုင်ပါတယ်။
BarCamp Mandalay 2011 သတင်း အချက် အလက်တွေ သတင်း ထုတ်ပြန်ချက်တွေကို ဘယ်နေရာ တွေက ရနိုင်မလဲ …?
ဘားကမ့် မန္တလေးရဲ့ တရားဝင် website ဖြစ်တဲ့ barcampmandalay.org မှာ သတင်း ထုတ်ပြန်ပေး နေသလို www.facebook.com/barcampmandalay မှာလည်း သတင်း ထုတ်ပြန်မှုတွေကို ပြုလုပ်ပေး နေပါတယ်။
BarCamp Mandalay 2011 ကျင်းပမည့် နေ့ရက်၊ အချိန်၊ နေရာ
နေ့ရက် - ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နှင့် (၁၃)ရက် နေ့အထိ၊
အချိန် - နံနက် (၉)နာရီကနေ ညနေ (၅)နာရီ အထိ၊
နေရာ - ၆၆လမ်း၊ ၂၃-လမ်းနဲ့ ၂၄-လမ်းကြား၊ အင်းဝ ဟော်တယ်။
မှာ ကျင်းပ ပြုလုပ်မှာပါ။ အိုင်တီမန်း(မန္တလေး)
Reference By: http://BarcampMandalay.Org
0 Response to "BarCamp ဆိုတာ... ???"
Post a Comment