CDMA 800 MHz ဖုန်းတွင်အင်တာနက်အသုံးပြုနိုင်ရန်( ၁ )

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ CDMA 800 MHz သုံးဖုန်းတွေကို အင်တာနက်ဖွင့်ပေးနေပြီဆိုတာ စာဖတ်သူတို့ သိပြီးသားပါလေ..။

ကနဦးတပ်ဆင်က (သို့မဟုတ်) RUIM Card အသစ် လဲခ အဖြစ် မြန်မာ့ဆက်သွယ်ရေးကို ငွေ ၃၀၀၀၀ ( သုံးသောင်း ) ပေးသွင်းရပါတယ်။

အင်တာနက်သုံးစွဲခတွေကလည်း တစ်မိနစ်ကို ၄ ကျပ်သာလျင် ဖျက်တောက်သဖြင့် တစ်နာရီ ငွေ ၂၄၀ ကျပ်သာလျင် ကျသင့်ပါမည်။ အပြင်မှာ အင်တာနက်ဆိုင်တွင် အနည်းဆုံး တစ်နာရီ ၄၀၀ တောင်းနေသည့် ခေတ်တွင် ယခုလို Mobile ဖုန်းတွေမှာ အင်တာနက်ကို ဖွင့်ပေးလိုက်တာဟာ တော်တော်ကို ငွေကုန်ကြေးကျ သက်သာသွားမည်လို့ ထင်မိပါတယ်။

Bandwidth Speed အနေဖြင့်ကလည်း မယုံနိုင်စရာ 3Mbps ပေးထားပါတယ်။ ( လက်တွေ့တွင် Bandwidth Speed အပြည့်မရပါ။ ကျွန်တော်စာရေးသူ Yatanarpon Cyber City တွင် စမ်းသပ်စဉ်က 2 Mbps ထိရတာကို ကြုံခဲ့ရပါတယ်။ )
သို့သော်... စာဖတ်သူအနေဖြင့် မိမိ၏ ဖုန်းတွင် အဆင်ပြေစွာ အင်တာနက် အသုံးပြုနိုင်မပြုနိုင် ဆိုတာတွေကိုတော့ အင်တာနက် အသုံးပြုခွင့် လျောက်လွှာမတင်ခင် ကြိုတင် စဉ်းစား ထားသင့်တယ်လို့ စာရေးသူ အနေဖြင့် အကြံပြုပါတယ်။

ဒါကြောင့် CDMA 800 MHz ဖုန်း အသုံးပြုကြကုန်သော စာဖတ်သူတို့ အနေဖြင့် အင်တာနက် အသုံးပြလိုပါက ဤ အချက်အလက်များ စဉ်းစားဖို့လိုပါတယ်။

၁။ မိမိ အသုံးပြုသည့် ဖုန်းသည် 800 MHz လွင့်သည့် ဖုန်းအမျိုးအစား ဖြစ်ရပါမည်။ 450 MHz လွင့်သည့်ဖုန်းကို အသုံးပြုပါက အင်တာနက် မချိတ်ဆက်နိုင်သေးပါ။ သို့မဟုတ် 800 MHz နှင့် 450 MHz နှစ်မျိုးစလုံး ပြောင်းလဲ အသုံးပြုနိုင်သော ဖုန်းဖြစ်တယ်ဆိုလျင်တော့ Frequency ကို 800 MHz ချိန်းထားဖို့ လိုပါတယ်။

၂။ မိမိ အသုံးပြုမည့် ဖုန်းသည် 3G Network ပါရှိရပါမည်။ ဒါကြောင့် မိမိ၏ ဖုန်းက 3G Network ကို Support လုပ်မလုပ် သိနိုင်ဖို့အတွက် စစ်ဆေးဖို့လိုပါသည်။ ကိုယ်ကိုတိုင် စစ်ဆေးရန် ခက်ခဲရှိပါက ဖုန်းဆိုင် ( သို့မဟုတ် ) ဖုန်းကျွမ်းကျင်သူကို ပြသကြည့်ပါ။

၃။ 3G Network ရှိတယ်။ ဟုတ်ပါပြီ။ ဒါဆိုရင်တော့ နောက်တဆင့် မိမိဖုန်း၏ Menu ထဲကို ဝင်ပါ။ WAP( Wireless Access Protocol ) ကို ရှာပါ။ WAP ပါဝင်မှ သာ Web Browsing လုပ်နိုင်မည် ဖြစ်ပါသည်။ သို့မဟုတ် Internet ကြည့်နိုင်မည့် Web Browser တစ်ခု ပါဝင်ရပါမည်။

အထက်ပါအချက်တွေ ပြည့်စုံ သူကတော့ မိမိဖုန်းဖြင့် အင်တာနက်ကို တိုက်ရိုက်ကြည့်ရှုနိုင်ပါမည်။

အထက်ပါအချက်တွေ မပါဝင်သည့် ဖုန်းကို အသုံးပြုနေသော သူဖြစ်ပါက အင်တာနက် မချိတ်ဆက်နိုင်ပါ။ သို့သော် မိမိ၏ ဖုန်းကဒ် RUIM Card ကိုထည့်သွင်း အသုံးပြုနိုင်သည့် Modem USB Stick တွေ ပြည်တွင်းကို ဝင်ပါတယ်။
( Huawei Brand, Prolink Brand တို့ကို လက်ရှိ ပြည်တွင်းမှာ ငွေ လေးသောင်း ဝန်းကျင်နဲ့ ဝယ်နိုင်ပါတယ်။ )

ဤ Modem USB Stick ကို အသုံးပြု၍ Laptop ( သို့မဟုတ် ) PC အိမ်သုံး ကွန်ပျူတာတို့တွင် ချိတ်ဆက် တပ်ဆင်ပြီး အင်တာနက်အသုံးပြုနိုင်ပါသေးသည်။

ဆက်လက်ပြီး ဖုန်းတွင် အင်တာနက် အသုံးပြုနိုင်ရန် Settings ချပုံနှင့် Mobile Modem USB Stick ကို အသုံးပြု၍ မိမိ၏ Laptop or Desktop တွင် အသုံးပြုနိုင်ရန် မည်သို့ပြုလုပ်ရမည်ကို ရေးသားတင်ပြပါအုန်းမည်။ အိုင်တီမန်း(မန္တလေး)

2 Response to "CDMA 800 MHz ဖုန်းတွင်အင်တာနက်အသုံးပြုနိုင်ရန်( ၁ )"

  1. Unknown says:

    EVDO USB Modem ကိုဘယ်ဆိုင်မှာဝယ်လို့ရနိုင်မလဲသိချင်ပါတယ်ခင်ဗျာ...အစက prolink ကို KMD ကကြော်ညာတာတွေ့ဖူးပေမယ့်ခုသွားမေးတော့ကြောင်တောင်တောင်နဲ့မရှိဘူးသွင်းဖို့ရှိလားလို့မေးတော့လဲသွင်းဖို့လဲမရှိဘူးလို့ပြောလွှတ်လိုက်လို့ပါ...အဲဒါရန်ကုန်မှာပါ...ဒါပေမယ့် မန်း နဲ့ ကုန် နဲ့ ကွန်ပျူတာဆိုင်တွေတူတာများလို့သိရဖော်ပြပေးစေချင်ပါတယ်ခင်ဗျာ...

    Prolink အမှတ်တံဆိပ် USB Modem Stick ကို KMD ကနေ ဖြန့်နေတာပါ။ သူတို့ Yatanarpon ICT Week ပွဲမှာ ရောင်းလိုက်လို့ ပစ္စည်းမကျန်တော့ဘူး။ ထပ်သွင်း နေတယ်ထင်တယ်။ ရောင်လိုတော့ KMD မှာ ငွေကြိုပေးပြီးတော့ Order မမှာခဲ့နဲ့နော်။ မှားမယ်...။ ကျွန်တော်တောင်အခုထိ ငုတ်တုတ်ပဲ....။ ဒီလောက်ဆို သည်ဘောပေါက်တယ်မလား... : P

    လောလောဆယ် လိုအပ်နေရင် ဖုန်းဆိုင်တွေမှာ Huawei Brand USB Modem stick တွေ ရှိပါတယ်။ အဲဒါ ရှာဝယ်ကြည့်ပါလား။

powered by Blogger | WordPress by Nyi Nyi | Converted by Mandalar.Net