CDMA800 MHz ဖုန်းတွင်အင်တာနက်အသုံးပြုနိုင်ရန်( ၂ )

CDMA 800 MHz ဖုန်းတွင် အင်တာနက်အသုံးပြုနိုင်ရန် အပိုင်း ( ၂ ) တွင်တော့ မိမိ၏ ဖုန်းတွင် အင်တာနက်ချိတ်မိစေရန် ပြင်ဆင်ရမည့် အပိုင်းတွေကို ပြောပြသွားမှာပါ။

အပိုင်း ( ၁ ) တွင် ရေးသားဖော်ပြခဲ့သော အချက်တွေ ကိုက်ညီသူ၊ ပြည့်စုံသူတွေ အနေဖြင့်တော့ ယခုဖော်ပြပါ Settings တွေကို ဖြည့်သွင်းလိုက်ခြင်းဖြင့် အလွယ်တကူ အင်တာနက် အသုံးပြုနိုင်ပါလိမ့်မည်။

၁။ မြန်မာ့ဆက်သွယ်ရေးက လဲပေးတဲ့ RUIM Card အသစ် ရပြီးသူက မိမိ၏ CDMA 800 MHz ဖုန်းထဲကို ထည့်သွင်းလိုက်ပါ။ ကဒ် ထည့်လိုက်သည်နှင့် မိမိ၏ ဖုန်းတွင် ဖုန်းကွန်ယက်ချိတ်ဆက်မှုပြ တိုင် နှင့် 3G ကွန်ယက်ချိတ်ဆက်မှုပြ တိုင် နှစ်တိုင် ပေါ်လာပါမည်။
( 3G Network ပြတိုင်မပေါ်ပါက မိမိ၏ ကဒ်ကို ဆက်သွယ်ရေးဘက်မှ ဖွင့်မပေးသေးသောကြောင့် ဖြစ်ပါသည်။ ကဒ်အသစ်ပြုလုပ်အပြီး လိုင်းပွင့်ရန် အနည်းဆုံး တစ်ရက် စောင့်ရပါသည်။ )



၂။ 3G Network မိပြီဖြစ်သည့်အတွက် အင်တာနက်အသုံးပြုနိုင်ရန် မိမိ၏ ဖုန်း Menu ထဲတွင် WAP ( Wireless Access Protocol ) ကို ရှာပါ။ ဒီနေရာမှာ စာရေးသူအနေဖြင့် Huawei C5900 CDMA ဖုန်းဖြင့် နမူနာ ရေးသားသွားပါမည်။

၃။ Menu ထဲက eSurfing ထဲကို ဝင်ပါ။ WAP ကို လိုက်ရှာပါ။ သူ့ကို Select လုပ်ပါ။

၎။ Auto Browsing လုပ်နေတာကို Cancel နှိပ်လိုက်ပါ။ WAP List ထဲတွင် Home, Enter URL, Bookmarks,.....,Settings စသည်ဖြင့် တွေ့ပါမည်။

၅။ Settings ကို ရွေးပါ။ အဲဒီထဲက Proxy ထဲကို ဝင်ပြင်ရပါမည်။ Proxy ကို ရွေးပါ။

၆။ Proxy ထဲတွင် ( 1. Use Proxy နှင့် 2. Proxy Server ) ဆိုပြီး ရှိပါတယ်။

၇။ Use Proxy ထဲကို ဝင်ပါ။ OFF လုပ်ထားပေးပါ။

၈။ Proxy Server ထဲကို ဝင်ပါ။ ( VNET, Internet, Custom1 ) ဆိုပြီး ရှိနေပါမည်။ ကိုယ်ပိုင် Settings ချရမည် ဖြစ်ပါသဖြင့် Custom1 ကို ရွေးပါမည်။ ဆက်လက်ပြီး Options တွင်နှိပ်၍ ဝင်ပါ။ View ဖြင့် ကြည့်ပါ။

Address
192.168.50.16

Port
8080

User Name
abcd@c800.mm ( မှတ်ချက် - မိမိ ကြိုက်နှစ်သက်ရာ အမည်ကို ထည့်သွင်းနိုင်ပါသည်။ )

Password
12345 ( မှတ်ချက် - မိမိ ကြိုက်နှစ်သက်ရာ Password ကို ထည့်သွင်းနိုင်ပါသည်။ )

PPP Number
#777

Use HTTP/1.1 ကို ON ထားရပါမည်။

အထက်ပါ Settings အတိုင်း သေချာစွာထည့်သွင်းပြီးပါက OK နှိပ်၍ ထွက်ပါ။ Settings တွေထဲက ထက်ထွက်လိုက်ပါ။ ပြီးရင်တော့ Enter URL တွင် မိမိကြည့်လို့ရာ Website ကို ရိုက်ထည့်ပါ။ ( ကျွန်တော် စာရေးသူကတော့ www.google.com ) လို့ရိုက်လိုက်ပါတယ်။ ပြီးရင် OK နှိပ်လိုက်ပါတယ်။

မြန်လိုက်တဲ့ ကွန်နက်ရှင် ဗျာ... ဘယ်သူမှ သိပ်မသုံးကြသေးလို့လားတော့ မသိဘူး။ လန်ထွက်နေတာပဲ။ လိုင်းကောင်းတုန်း သုံးထားကြဗျို့ နောက်ဆို လိုင်းတွေ ကျပ်သွားရင် ငုတ်တုတ်ဖြစ်မယ်။

မှတ်ချက် - RUIM 450 MHz လက်ရှိ နေပြည်တော် ဖုန်းလို့ နာမည်ကြီးနေသော ကဒ်ဖြင့် အသုံးပြုထားသော CDMA 800 3G ဖုန်းတွင် မိမိ၏ အင်တာနက်ဖွင့်ထားသည့်ကဒ်ကို အသုံးပြုမိပါက 3G Network လုံးဝလိုင်းမမိပါ။ အသုံးမပြုနိုင်ပါ။ အသုံးပြုလိုပါက ဖုန်းအား Factory Default ( သို့မဟုတ် ) Reset ချပေးမှ သာလျင် 3G Network ကောင်းစွာ မိမည်ဖြစ်ပါသည်။ ဖုန်း Factory Reset ချခြင်းကိုဖြင့် ဖုန်းကျွမ်းကျင်သူဖြင့်သာ တွဲ၍ ပြုလုပ်သင့်ပါသည်။ ထိုသို့ ပြုလုပ်လိုက်၍ ဖြစ်ပေါ်လာသော ဆိုးကျိုး ကောင်းကျိုးသည် စာရေးသူနှင့် လုံးဝမသက်ဆိုင်ပါကြောင်း လေးစားစွာ ပြောထားပါရစေ။ အိုင်တီမန်း(မန္တလေး)

1 Response to "CDMA800 MHz ဖုန်းတွင်အင်တာနက်အသုံးပြုနိုင်ရန်( ၂ )"

  1. Bravo Fri............

powered by Blogger | WordPress by Nyi Nyi | Converted by Mandalar.Net